DesignAwards.Asia Design Of The Day

About WIT


WIT ပြိုင်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်သော ဂျပန် မြန်မာသံတမန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်၍ အပြုသဘောဆောင်သောဆက်ဆံရေးအဖြစ် တည်ဆောက်သွားရန်နှင့် WEB DESIGN ကိုလေ့လာနေသူများ၊ အသစ်အသစ်သော နည်းပညာစိန်ခေါ်နေသူများကို ရှာဖွေဖော်ထုတ်၍ မြန်မာနိုင်ငံ၏ ကောင်းမွန်သော IT အနာဂတ်ကို ဖန်တီးပေးမည့် ထူးချွန်ထက်မြတ်သော IT Web Creator များကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ နည်းပညာ အသစ်များကိုစိန်ခေါ်ပြီး တီထွင်ဖန်တီးနိုင်သူများ၏ အရည်အချင်းကိုမြှင့်တင်ပေးမည်ဆိုသောကြောင့် ဆုကြေးအပြင် ဂျပန်နိုင်ငံရှိ Web design ကုမ္ပဏီများသို့သွားရောက် ပြီး နည်းပညာဖန်တီးမှုများကိုလေ့လာနိုင်သော အခွင့်ကောင်းတစ်ခုလည်းဖြစ်ပါသည်။ သင့်အတွေးအခေါ်နှင့် ဖန်တီးမှုများကို ကမ္ဘာကြီးဆီသို့ ဖြန့်ဖြူးရာနေရာတစ်ခုအဖြစ် အနေနဲ့လည်း သင့်ရဲ့စိန်ခေါ်မှုများကို စောင့်မျှော်နေပါမည်။

Overview of WIT Award 2019


  • ဆုအမျိုးအစား

・Best Grand Prix: ဒေါ်လာ ၂၀၀၀ ၊ ဂျပန်နိုင်ငံရှိကုမ္ပဏီများသို့ သွားရောက်လေ့လာခွင့် ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

・Design Grand Prix: ဒေါ်လာ ၇၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

・Technology Grand Prix: ဒေါ်လာ ၇၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

・Team Award: ဒေါ်လာ ၁၀၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

  • လျှောက်လွှာ လက်ခံကာလ

・ ဒီဇင်ဘာလ ၊ ၁ရက် ၊ ၂၀၁၈ (စနေနေ့) မှ မတ်လ ၊ ၁ ရက် ၊ ၂၀၁၉ (သောကြာနေ့) အထိ ။

  • လိုအပ်ချက်များ

・ Web production ကိုစိတ်ဝင်စားသော လူငယ်များဖြစ်ရမည်။( “မတ်လ ၁ရက်နေ့ ၂၀၁၉”မတိုင်ခင် အသက် ၂၄ နှစ်မပြည့်သေးသော လူငယ်များသာ)

  • Project တင်ရန် နည်းလမ်းများ

・WIT Official site ရဲ့ Application Form မှ တစ်ဆင့် မိမိ project အား လျှောက်ထားနိုင်ပါသည်။ (သို့မဟုတ်)

・server ပေါ်တွင် တင်ထားသူများဖြစ်ပါက URL နှင့်တကွ မိမိ Project Data ကို WIT Official Site ရဲ့ App Form မှ လျှောက်ထားနိုင်ပါသည်။ (သို့မဟုတ်)

・Spiceworks Myanmar Company သို့ လူကိုယ်တိုင်လာရောက်ပြီး Project Data များကို ပေးပို့လျှောက်ထားနိုင်ပါသည်။

  • ဆုရွေးချယ်မည့်ပုံစံ

・ကိုယ်ပိုင်ဖန်တီးမှု စွမ်းရည်ရှိခြင်း

・မိမိယှဉ်ပြိုင်သော Web page ၏ရည်ရွယ်ချက်ကို Design စွမ်းရည်ဖြင့် ပေါ်လွင်ထင်ရှားအောင် ဖန်တီးနိုင်မှုစွမ်းရည်ရှိခြင်း

・ အဆင့်မြင့်သော နည်းပညာအသစ်အဆန်းများကို အသုံးပြု၍ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှုစွမ်းရည်ရှိခြင်း

  • Result ထုတ်ပြန်မည့်နေ့

・၂၀၁၉ ဧပြီလ မှာ ကျင်းပမည့် အခမ်းအနားတွင် ဆုများကို ကြေငြာပေးသွားပါမည်။

  • စည်းမျဉ်း စည်းကမ်းများနှင့် လိုက်နာရမည့် အချက်များ

・ အခြား မည်သည့်နေရာများတွင်မှ အသုံးပြုထားခြင်း မရှိသော web page များ ဖြစ်ရပါမည်။ လျှောက်လွှာတင်ထားသော webpage များသည် သင့်ကိုယ်ပိုင် အတွေးအခေါ်နှင့် သင့်ကိုယ်တိုင် ဖန်တီးမှု ဖြစ်ရပါမည်။

・ဆုရွေးချယ်ခြင်းခံထားရသူသည် မိမိကိုယ်တိုင်ဖန်တီးမှု မဟုတ်ကြောင်း (သို့မဟုတ်) သတ်မှတ်ထားသောစည်းကမ်းချက်များကို ချိုးဖောက်ခြင်း စသော အကြောင်းရင်းတစ်ခုခုတွေ့ရှိပါက ဆုအားပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါသည်။

・ဆုရွေးချယ်ခြင်းခံရသော Web Page ကို catalog, brochures, public website များတွင်အသုံးပြုခွင့်ပေးရမည်။

・ဝင်ရောက်ယှဉ်ပြိုင်သော Web Page နှင့် ပတ်သက်သော ကုန်ကျစရိတ်ကို ကုမ္ပဏီမှာ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

・ Web Pages မှာ ဘယ် Language မဆို အသုံးပြုနို်င်ပါသည်။ (eg. HTML, PHP, Javascript, Bootstrap, Wordpress or other languages)

・ သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲ လျှောက်လွှာတင်ထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို WIT နှင့် မသက်ဆိုင်သော အခြားနေရာများတွင် အသုံးပြုမည် မဟုတ်ပါ။

・Team Award အတွက် Group တစ်ခုမှာ ပါဝင်ပြီးသောသူသည် နောက် Group တစ်ခုမှာ ယှဉ်ပြိုင်ခွင့် မရှိပါ။ သို့သော် Best Grand Prix, Design Grand Prix နှင့် Technology Grand Prix အတွက် တစ်ဦးချင်းဆီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။

WIT Award 2019

History of Web Innovative Talent Award


Our Judges


  • tinayekywe
  • chochomyint
  • kamihiraImg
  • sekinesan

Sponsor

  • ANA
  • GMO

Contact Us

Contact Us.