Frequently Asked Questions
အသစ်ထပ်ထည့်ထားသော Team Award အတွက် လူအရေအတွက် ကန့်သတ်ထားပါသလား။
Team Award အတွက် လူဦးရေ အများဆုံး ရှစ်ယောက်အထိ ကန့်သတ်ထားပါတယ်။
ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ Programming Language တွေ သတ်မှတ်ထားပါသလား။
Programming Language သတ်မှတ်ထားခြင်း မရှိပါဘူး။ မိမိတို့နှစ်သက်ရာ programming Language ကို အသုံးပြုရေးသားနိုင်ပါတယ်။
ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် Registerလုပ်ထားဖို့လိုလား။
WIT 2019 မှာ ပြိုင်ပွဲဝင်ဖို့အတွက် Register လုပ်ဖို့မလိုပါဘူး။
ကိုယ့်ရဲ့ Projectကို Server ပေါ်တင်ပေးဖို့ လိုပါသလား။
Server ပေါ်တင်ထားသော project ဖြစ်ပါက url နှင့်တကွ source code ကို ပေးပို့ပေးပါရန်။ Server ပေါ်မတင်ရသေးသော project ဖြစ်ပါက source code ကိုသာ ပေးပို့ပေးပါရန်။ လူကိုယ်တိုင် လာရောက် ပေးလိုပါက Spiceworks Myanmar Company သို့ လာရောက် ပေးနိင်ပါတယ်ရှင့်။
Online ပေါ်တွင် Publish လုပ်ထားသော website project များအား WIT ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသလား။
WIT ပြိုင်ပွဲဝင်ရန် အတွက် (သို့မဟုတ်) မိမိ စမ်းသပ်လို၍တင်ထားသော Project များအား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော်လည်း စီးပွားရေး အရ ရောင်းချပြီးသော Project များအား လုံးဝ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါ။
ပြိုင်ပွဲဝင်ရန် အသက်အရွယ်ကန့်သတ်ထားပါသလား။ အဘယ့်ကြောင့်နည်း။
form ပိတ်ရက်မတိုင်ခင် ၂၄ နှစ်အောက် ဖြစ်ရပါမည်။ လူငယ်များကို ပိုမိုဦးစားပေး ဝင်ရောက်ယှဉ်ပြိုင်စေလိုသောကြောင့် အသက်အရွယ် ကန့်သတ်ထားခြင်းဖြစ်ပါသည်။
WITမှာ ဆုရရှိပြီးသော ပြိုင်ပွဲဝင်များသည် နောက်တကြိမ်ထပ်၍ ပြိုင်လို့ရပါသလား။
အရင် WIT ပြိုင်ပွဲများတွင် ဆုရရှိပြီးသော ပြိုင်ပွဲ ဝင်များကတော့ နောက်တစ်ကြိမ် ထပ်ပြိုင်ခွင့် မရှိပါဘူးရှင့်။
မိမိရဲ့ projectကို Presentation လုပ်ပြဖို့လိုပါသလား။
Presentation လုပ်ပြဖို့ မလိုအပ်ပါဘူးရှင့်။
ဆုကို ဘယ်လိုမျိုး ဆုံးဖြတ်ပေးတာလဲ။ Judgesတွေ ဆုံးဖြတ်တာလား။ Voting ပေးတာလား။
Voting စနစ်မသုံးသေးပါဘူး။ WIT Page မှာ ကြော်ငြာထားသော Judges များက အမှတ်ပေးဆုံးဖြတ်မှာ ဖြစ်ပါတယ်ရှင့်။
IT ကျောင်းသားတွေပဲ ဝင်ပြိုင်လို့ရတာလား။
Web နည်းပညာကို စိတ်ဝင်စားသော မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ရှင့်။
Projectများအား User များ အသုံးပြုနိုင်သည်အထိ Design,Development ပိုင်းအားလုံးပြီးမှ ဝင်ရောက်ယှဉ်ပြိုင်ရမှာလား။
User များ အသုံးပြုနိုင်သည်အထိ အားလုံး အဆင်ပြေမှ မဟုတ်ပဲ မိမိတို့ ရည်မှန်းသော ဆု အမျိုးအစားပေါ်မူတည်ပြီး project ပြီးသလောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ရှင့်။
Project ရေးရာတွင် limitationများ ရှိပါသလား။
ပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များအား WIT Official Web Site ၏ Overview Section တွင် အသေးစိတ် ဖတ်ရှုနိုင်ပါတယ်ရှင့်။
http://witaward.com/
ဆုရရှိထားသော projectများအား companyမှ ယူပါသလား။
မယူပါ။ ဆုရရှိသူ၏ မူပိုင်သာ ဖြစ်ပါသည်။