Create the Future of Asia

ပရောဂျက် လက်ခံကာလ
1st Dec 2019 ~ 1st mar 2020

Scroll

About

WIT ပြိုင်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်သော ဂျပန် မြန်မာသံတမန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်၍ အပြုသဘောဆောင်သောဆက်ဆံရေးအဖြစ် တည်ဆောက်သွားရန်နှင့် WEB DESIGN ကိုလေ့လာနေသူများ၊ အသစ်အသစ်သော နည်းပညာစိန်ခေါ်နေသူများကို ရှာဖွေဖော်ထုတ်၍ မြန်မာနိုင်ငံ၏ ကောင်းမွန်သော IT အနာဂတ်ကို ဖန်တီးပေးမည့် ထူးချွန်ထက်မြတ်သော IT Web Creator များကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ နည်းပညာ အသစ်များကိုစိန်ခေါ်ပြီး တီထွင်ဖန်တီးနိုင်သူများ၏ အရည်အချင်းကိုမြှင့်တင်ပေးမည်ဆိုသောကြောင့် ဆုကြေးအပြင် ဂျပန်နိုင်ငံရှိ Web Design ကုမ္ပဏီများသို့သွားရောက် ပြီး နည်းပညာဖန်တီးမှုများကိုလေ့လာနိုင်သော အခွင့်ကောင်းတစ်ခုလည်းဖြစ်ပါသည်။ သင့်အတွေးအခေါ်နှင့် ဖန်တီးမှုများကို ကမ္ဘာကြီးဆီသို့ ဖြန့်ဖြူးရာနေရာတစ်ခုအဖြစ် အနေနဲ့လည်း သင့်ရဲ့စိန်ခေါ်မှုများကို စောင့်မျှော်နေပါမည်။

Overview

Overview of WIT Award 2020

ဆုအမျိုးအစား

  • Best Grand Prix: ဒေါ်လာ ၂၀၀၀ ၊ ဂျပန်နိုင်ငံရှိကုမ္ပဏီများသို့ သွားရောက်လေ့လာခွင့် ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။
  • Design Grand Prize: ဒေါ်လာ ၅၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။
  • Technology Grand Prize: ဒေါ်လာ ၅၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။
  • Team Award: ဒေါ်လာ ၁၀၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

ပရောဂျက် တင်ရန်လက်ခံကာလ

  • ဒီဇင်ဘာလ ၊ ၁ရက် ၊ ၂၀၁၉ ( စနေနေ့ ) မှ မတ်လ ၊ ၁ ရက် ၊ ၂၀၂၀ ( သောကြာနေ့ ) အထိ။

လိုအပ်ချက်များ

  • Web Production ကိုစိတ်ဝင်စားသော လူငယ်များဖြစ်ရမည်။ ( “မတ်လ ၁ရက်နေ့ ၂၀၂၀”မတိုင်ခင် အသက် ၂၄ နှစ်မပြည့်သေးသော လူငယ်များသာ )။

ပရောဂျက် တင်ရန် နည်းလမ်းများ

  • WIT Official site ရဲ့ Application Form မှ တစ်ဆင့် မိမိ Project အား လျှောက်ထားနိုင်ပါသည်။

ဆုရွေးချယ်မည့်ပုံစံ

  • ကိုယ်ပိုင်ဖန်တီးမှု စွမ်းရည်ရှိခြင်း။
  • မိမိယှဉ်ပြိုင်သော Web page ၏ရည်ရွယ်ချက်ကို Design စွမ်းရည်ဖြင့် ပေါ်လွင်ထင်ရှားအောင် ဖန်တီးနိုင်မှုစွမ်းရည်ရှိခြင်း။
  • အဆင့်မြင့်သော နည်းပညာအသစ်အဆန်းများကို အသုံးပြု၍ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှုစွမ်းရည်ရှိခြင်း။

Result ထုတ်ပြန်မည့်နေ့

  • ၂၀၂၀ ဧပြီလ မှာ ကျင်းပမည့် အခမ်းအနားတွင် ဆုများကို ကြေငြာပေးသွားပါမည်။

စည်းမျဉ်း စည်းကမ်းများနှင့် လိုက်နာရမည့် အချက်များ

  • အခြား မည်သည့်နေရာများတွင်မှ အသုံးပြုထားခြင်း မရှိသော Web Page များ ဖြစ်ရပါမည်။ လျှောက်လွှာတင်ထားသော WebPage များသည် သင့်ကိုယ်ပိုင် အတွေးအခေါ်နှင့် သင့်ကိုယ်တိုင် ဖန်တီးမှု ဖြစ်ရပါမည်။
  • ဆုရွေးချယ်ခြင်းခံထားရသူသည် မိမိကိုယ်တိုင်ဖန်တီးမှု မဟုတ်ကြောင်း (သို့မဟုတ်) သတ်မှတ်ထားသောစည်းကမ်းချက်များကို ချိုးဖောက်ခြင်း စသော အကြောင်းရင်းတစ်ခုခုတွေ့ရှိပါက ဆုအားပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါသည်။
  • ဆုရွေးချယ်ခြင်းခံရသော Web Page ကို Catalog, Brochures, Public Website များတွင်အသုံးပြုခွင့်ပေးရမည်။
  • ဝင်ရောက်ယှဉ်ပြိုင်သော Web Page နှင့် ပတ်သတ်သော ကုန်ကျစရိတ်ကို ကုမ္ပဏီမှ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
  • Web Pages မှာ ဘယ် Language မဆို အသုံးပြုနိုင်ပါသည်။ (eg. HTML, PHP, Javascript, Bootstrap, Wordpress or other Languages)
  • သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲ လျှောက်လွှာတင်ထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို WIT နှင့် မသက်ဆိုင်သော အခြားနေရာများတွင် အသုံးပြုမည် မဟုတ်ပါ။
  • Team Award အတွက် Team တစ်ခုမှာ ပါဝင်ပြီးသောသူသည် နောက် Team တစ်ခုမှာ ယှဉ်ပြိုင်ခွင့် မရှိပါ။ သို့သော် Best Grand Prix, Design Grand Prize နှင့် Technology Grand Prize အတွက် တစ်ဦးချင်းဆီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။
  • ယခင်နှစ်များတွင် Grand Prix Award ကိုရရှိထားသောသူများမှလွဲ၍ အခြားသောဆုရှင်များသည် Grand Prix Award အတွက်ပြန်လည်ယှဉ်ပြိုင်နိုင်ပါသည်။
  • Team Award ရရှိခဲ့ပြီးသော အဖွဲ့ဝင်များအားလုံးသည် အခြားမည်သည့် အဖွဲ့တွင်မှ ပြန်လည်၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါ။
NEW !!

MOVIE AWARD

WIT 2020 တွင် “Movie Award” ဆိုပြီး ဆုအသစ်တစ်ခုကို ထည့်သွင်းထားပါသည်။ သို့ဖြစ်ပါ၍ Movie Creation နှင့် နည်းပညာအသစ်၏စိန်ခေါ်မှုများကို စိတ်ဝင်စားသောလူငယ်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

Movie Title

What is WIT? (Promotion Movie)

※မြန်မာနိုင်ငံတွင် Web Innovative Talent Award (WIT)ကို အခုထက်ပို၍ လူသိများလာစေရန်နှင့် ပြိုင်ပွဲဝင်တွေ ပိုမိုစိတ်ဝင်စားပြီး တိုးပွားလာစေရန် သင်၏ Movie Creation စွမ်းရည်ဖြင့် "WIT ဆိုတာဘာလဲ" ဆိုတဲ့ Title လေးနဲ့ Promotion Movie တစ်ခုကိုဖန်တီးပြီး ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါသည်။

ဆုအမျိုးအစား

WIT Movie Award: ဒေါ်လာ ၅၀၀ ၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ။

လျှောက်လွှာ လက်ခံကာလ

ဒီဇင်ဘာလ ၊ ၁ရက် ၊ ၂၀၁၉ ( စနေနေ့ ) မှ မတ်လ ၊ ၁ ရက် ၊ ၂၀၂၀ ( သောကြာနေ့ ) အထိ။

လိုအပ်ချက်များ

Movie Creation ကိုစိတ်ဝင်စားသော လူငယ်များဖြစ်ရမည်။ ( “မတ်လ ၁ရက်နေ့ ၂၀၂၀”မတိုင်ခင် အသက် ၂၄ နှစ်မပြည့်သေးသော လူငယ်များသာ )။

Project တင်ရန် နည်းလမ်းများ

Step 1. WIT Facebook Page ကို Follow and Share လုပ်ပါ။

Step 2. ပြိုင်ပွဲဝင်မည့် Movie ကို မိမိ၏ FB account တွင် #WIT2020 လိုရေးပြီး Public ဖြင့် Post တင်ပေးပါ။

Step 3. Post တင်ပြီးလျှင် အမည်၊ ဖုန်းနံပါတ်၊ Movie တင်ထားသော FB Post Link နှင့်အတူ Orginal Movie Data ကို witaward@spiceworksmyanmar.com သို့ E-mail ပေးပို့ရမည် ဖြစ်ပါသည်။

※WIT 2019 နဲ့ပတ်သက်သော Raw Movies, Images, နှင့် Logo တွေကို အောက်ပါ Link မှတဆင့် Download ယူ၍ အသုံးပြုနိုင်ပါသည်။

https://drive.google.com/materials/

ဆုရွေးချယ်မည့်ပုံစံ

(1) Theme-Movie Title နဲ့ကိုက်ညီမှုရှိခြင်း။

(3) Originality-ကိုယ်ပိုင်ဖန်တီးမှု စွမ်းရည်ရှိခြင်း။

(2) Message-ကြည့်ရှုသူတွေရဲ့ စိတ်မှာထင်ကျန်စေခဲ့နိုင်မယ့် Movie တစ်ခုဖြစ်အောင်ဖန်တီးနိုင်ခြင်း။

(4) Constituent Power - အရည်အသွေးမြင့်မားသော Screen Development နဲ့ Production လုပ်ဆောင်နိုင်မှုရှိခြင်း

(5) ပြိုင်ပွဲ အတွက်တင်ထားသော သင်၏ Movie post မှာရရှိလာမည့် Facebook Like & Share အရေအတွက်ကိုလည်း Percentage တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။

Result ထုတ်ပြန်မည့်နေ့

၂၀၂၀ ဧပြီလ မှာ ကျင်းပမည့် အခမ်းအနားတွင် ဆုများကို ကြေငြာပေးသွားပါမည်။

စည်းမျဉ်း စည်းကမ်းများနှင့် လိုက်နာရမည့် အချက်များ

  • ・"WITဆိုတာဘာလဲ" ဆိုတဲ့အကြောင်းအရာလေးကို တစ်မိနစ်စာ Movie လေးနဲ့ပုံဖော်ပေးရမှာဖြစ်ပါသည်။ မိမိကိုယ်တိုင်ရိုက်ကူးထားသော Videos များကိုအသုံးပြု၍ ပါဝင်ယှဉ်ပြိုင်နိုင်သလို၊ ပြီးခဲ့တဲ့နှစ် WIT2019 နဲ့ပတ်သက်သော Raw Movies, Images, နဲ့ Logo တွေကိုလည်း Download ယူ၍အသုံးပြုနိုင်ရန် Support လုပ်ပေးထားပါတယ်။
  • ・ဆုရွေးချယ်ခြင်းခံထားရသူသည် မိမိကိုယ်တိုင်ဖန်တီးမှု မဟုတ်ကြောင်း (သို့မဟုတ်) သတ်မှတ်ထားသောစည်းကမ်းချက်များကို ချိုးဖောက်ခြင်း စသော အကြောင်းရင်းတစ်ခုခုတွေ့ရှိပါက ဆုအားပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါသည်။
  • ・ဆုရွေးချယ်ခြင်းခံရသော Movie ကို Catalog, Brochures, Public Website များတွင်အသုံးပြုခွင့်ပေးရမည်။
  • ・Movie အတွင်းအသုံးပြုထားသော BGM Music, Images, Videos, အစရှိသဖြင့် copyrights နဲ့ပတ်သက်သော အရာအားလုံးအတွက် ပြိုင်ပွဲဝင်မှ အပြည့်အဝ တာဝန်ယူရမည် ဖြစ်ပါသည်။

Our Judges

Ms.Tin Aye Kywe

Former Lecturer, University of Computer Studies, Yangon

Ms.Cho Cho Myint

Professor and Head (IT), West Yangon Technological University

Mr.Takahito Kamihira

Professor, Senshu University, Department of Network and Information

Mr.Seiji Sekine

Managing Director of Spiceworks