Result Announcement

The best WebDesign projects were awarded
during the WIT Award Ceremony
that took place on Saturday,
April 27th 2019, in Melia Yangon Hotel.

More than one hundred participants joined the ceremony.

  • GRAND PRIX

    $2000 + Japan Tour
    Khant Kyaw Moe

    Technological University (Hmawbi)

    Easy POS
  • SPECIAL PRIX

Project Description

The aim of Easy POS is to help make the record keeping and accounting simpler. To save time. To reduce paper work.

မောင်ခန့်ကျော်မိုးရဲ့ထင်မြင်ချက်

Japan နိုင်ငံကို သွားရောက်လေ့လာခွင့်ရမှာဖြစ်တဲ့ကြောင့်လည်း Grand Prize ဆုကို ပိုပြီးလိုချင်ခဲ့တာပါ။

အခုတော့ကျွန်တော်ဖြစ်ချင်ခဲ့တာတွေ တကယ်ဖြစ်လာခဲ့ပါပြီ။

ပထမဆုံးအနေနဲ့ အခုလိုမျိုး Japan နိုင်ငံကို သွားရောက်လေ့လာနိုင်ဖို့ အစစ အရာရာကူညီပေးခဲ့တဲ့ Spiceworks Company နဲ့ အခြား Sponsor Companies တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။

Japan နိုင်ငံကိုရောက်တော့မှ သူတို့လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ စည်းကမ်းရှိမှု၊ အချိန်လေးစားမှု တွေကို ပိုပြီးသိခွင့်ရခဲ့ပါတယ်။

စရောက်တဲ့နေ့မှာပဲ Japan နိုင်ငံကို သဘောကျမိတာလေးတစ်ခုရှိပါတယ်။ အဲ့တာက သူတို့နိုင်ငံရဲ့ ကားလမ်းကူးရတဲ့ပုံစံပါ။ လမ်းကူမဲ့သူတွေအကုန်လုံးက ကားလမ်းကူးဖို့ သတ်မှတ်ထားတဲ့နေရာ ကနေပဲကူးကြတယ်။ အဲ့လို ကားလမ်းကူးဖို့ လမ်းတစ်ဖက်စီမှာ လူကူးမီးပွိုင့်လေးတွေရှိတယ်။ အဲ့ဒီမီးပွိုင့်ကမီးစိမ်းပီဆိုမှ လူတွေကလည်း ကားလမ်းကူးတယ်။ ကားတွေကလည်းရပ်တယ်။ အဲ့ဒီတော့ ကလေးတွေ၊ သက်ကြီးရွယ်အို တွေကအစ ကားလမ်းကူးရတာ အဆင်ပြေသလို အန္တရာယ်လည်း ကင်းပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲ့ဒီလိုမျိုး အကုန်လုံးအန္တရာယ်ကင်းတဲ့ စနစ်လေးတစ်ခုဖြစ်စေချင်ပါတယ်။

Japan နိုင်ငံရဲ့ Transportation System ကလည်းအရမ်းကိုပြည့်စုံကောင်းမွန်ပါတယ်။ မီးရထားတွေရဲ့ အချိန်တိကျမှု၊ သန့်ရှင်းသပ်ရပ်မှုတွေကတော့ မယုံနိုင်အောင်ပါပဲ။

"Akihabara" က Yodobashi Supermarket ကိုလည်းရောက်ခဲ့ပါတယ်။ အဲ့ဒီက ကျွန်တော်သဘောကျတဲ့ နေရာလေးတစ်ခုကတော့ book store ပါ။ ကျွန်တော်တော့ သူတို့ဆီကကျောင်းသားတွေကိုတောင် အားကျမိတယ်။ သူတို့ဘာသာစကားနဲ့ရေးထားတဲ့ နည်းပညာစာအုပ်တွေအရမ်းများလွန်းလို့ပါ။ Programming မှာဆိုလည်း နောက်ဆုံးထွက်ထားတဲ့ Language, Framework ကအစ သူတို့ဘာသာစကားနဲ့ ရေးထားတာတွေ အစုံပါပဲ။ ကျောင်းသားတွေအနေနဲ့ လေ့လာရတာ တော်တော်အဆင်ပြေပါတယ်။

WIT ပြိုင်ပွဲရဲ့ Judge တစ်ဦးဖြစ်တဲ့ 'Mr.Takahito Kamihira' လက်ရှိစာသင်ကြားပေးနေတဲ့ "Senshu University" ကိုလည်းရောက်ခဲ့ပါတယ်။ သူတို့ကျောင်းသားတွေရဲ့ နိုင်ငံခြားသားကျောင်းသားတစ်ယောက်နဲ့ communication ဘယ်လိုလုပ်မလဲ ဆိုတဲ့ workshop မှာပါဝင်ခဲ့တာပါ။ကျောင်းသားတွေက ကျွန်တော်နဲ့ communication လုပ်ရတာပိုအဆင်ပြေဖို့အတွက် Painting game လေးတစ်ခုဖန်တီးထားတယ်။ အဲ့ဒီ game ဆော့ရင်း ကျွန်တော်လည်း သူတို့နဲ့ ပိုခင်မင်သွားတာပေါ့။ Communication workshop ကို game တစ်ခုသုံးပြီးဖန်တီးသွာတာ သဘောကျစရာပါပဲ။

ဒီခရီးစဉ်မှာ GMO Internet Group ကိုသွားရောက်လေ့လာခွင့်ရခဲ့တာဟာလည်း ကျွန်တော်အတွက်အရမ်းတန်ဖိုးရှိခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဆီက senior developer တွေကို IT ပိုင်းနဲ့ပတ်သက်ပီး ကျွန်တော်သိချင်တာတွေ မေးခွင့်ရလို့ပါ။

Cryptocurrency အကြောင်းတွေ၊ Domain Name Server ရဲ့ နောက်ကွယ်က အလုပ် လုပ်ဆောင်ပုံအကြောင်းတွေ၊ Web Security နဲ့ပတ်သက်ပြီး ရေးသားရမဲ့ code ပုံစံတွေကအစ အချိန်ပေးပြီး သေချာရှင်းပြပေးလို့ ကျွန်တော့်အတွက် အရမ်းတန်ဖိုးရှိခဲ့ပါတယ်။

အခုလိုမျိုး မြန်မာနိုင်ငံကကျောင်းသားတွေ ဂျပန်နိုင်ငံမှာလေ့လာခွင့်ရအောင် WIT ပြိုင်ပွဲကိုဖန်တီးခဲ့တဲ့ Spiceworks Company ကိုအထူးကျေးဇူးတင်မိပါတယ်။

နောက်ထပ်ပြိုင်မဲ့သူတွေကိုပြောချင်တာကတော့ WIT ကိုဝင်ပြိုင်တဲ့အတွက် ကိုယ့်ရဲ့ Skill, Creation ဘယ်လောက်ရှိလဲဆိုတာပိုပြီးသိရတယ်။ ကိုယ့်လို ပြိုင်ပွဲဝင်တွေရဲ့ Project တွေ, Creation ပိုင်းတွေလည်းသိခွင့်ရတယ်။ အဲ့ဒီတော့ ကိုယ့်အတွက် အများကြီး knowledge ရပါတယ်။ ပုံမှန်လေး ကိုယ့်ဘာသာကိုယ် Project လုပ်ရတာထက် ပြိုင်ပွဲအတွက် ရည်ရွယ်ပြီးလုပ်ရတာက ပိုပြီးစိတ်လှုပ်ရှားစရာလည်းကောင်းတယ်။

ကိုယ့်အတွက်အကောင်းဆုံးအမှတ်တရ နဲ့ အခွင့်အရေးတွေ အများကြီး ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

19th June, 2019

  • Student Grand Prix
  • Design Award

    $700
    Aye Myat Pan Htwar Paing

    West Yangon Technological University

    Future of Myanmar
  • Design Award

Project Description

In the future, I want my country to change the smart country by E-government.

  • Technical Award

    $700
    Aung Bo Bo Tun

    University of Information Technology(UIT)

    Epay
  • Social Person Grand Prix

Project Description

Well it is a payment gateway project. I make it because I wanna make mobile payment to another level in myanmar. I wanna make people to make accept money on their website. People can store as much as amount. There is no limit how much they can send, receive or store.

  • Consolation Prix
  • Team Award

    $1000
    Phoenix

    Lithan Myanmar Collage

    New Hope NayPyiTaw
  • Consolation Prix

Project Description

We seek to provide information on smart cities whilst stating the advantage of having one. Each of them are stated in several different pages. Visitors can learn briefly about all five sectors we have listed here. Myanmar as going toenter the global arena of smarter tomorrow, our website will help the commoners to understand the concept of smart cities.

Our Judges


  • tinayekywe
  • chochomyint
  • kamihiraImg
  • sekinesan
Memories

The largest web design award in Myanmar "WIT" is hosted by Spiceworks Co.,Ltd. It is held for the purpose of creating a foundation in which talented creators grow in Myanmar. By giving a spotlight to the success of excellent web creators, from this award we will show concrete targets for young creators'to achieve and aim for a lot of talents to bloom. We will also discover and support the next generation of creators, who will try to create a brighter future for Myanmar.

There are four types of awards such as Grand Prix, Design Award, Technical Award and Team Award. Mr.Seiji Sekine, managing director of Spiceworks, was delivering a keynote speech at WIT Award Ceremony. Ms.Thazin Nwe Win, the presenter of MRTV-4, performed as MC. Then, DJ Ae Ae, Phyo Pyae Sone, and Junior Creative performed and announced the winners at this ceremony.

Thank you all participants and organizers for a wonderful ceremony!
We will do it definitely in next year!

Supported by
The Embassy of Japan in Myanmar

Sponsored by
ANA, Z.com, ALJ

Page Top